မိတ္ထီလာမြို့နယ်၌ ဂွမ်းမွှေးနှင့် ချည်အရည်အသွေး တိုင်းတာခြင်း နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြား
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ်သည့် လုပ်ကွက်ငယ် အစုအဖွဲ့များ၊ အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရန် ဂွမ်းမွှေးနှင့် ချည်အရည်အသွေးတိုင်းတာခြင်း နည်းပညာသင်တန်းကို မတ် ၂၆ ရက်နေ့ နံနက် ၉နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။








