(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပ

တာချီလိတ်၊ လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၆ ရက် ည ၈ နာရီခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)၊ ဝမ်မိုင်ကျေးရွာ၊ စည်ပင်လမ်းတွင် အောင်အောင် (ခ) ကိုအောင်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 
ပြည်ထောင်စုစာရင်းစစ်ချုပ် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် စာရင်းစစ်ရုံးဝန်ထမ်းများ နှင့်တွေ့ဆုံ
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်းနှင့် သုံးခွမြို့နယ် စာရင်းစစ်ရုံးများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံသည်။
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

၂၇ မတ်

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဒလမြို့နယ်ရှိ အထင်ကရနေရာများနှင့် လူနေမှုပုံစံများအား လည်ပတ်လေ့လာ
စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ မြစ်တစ်ဘက်တွင် တည်ရှိသော ဒလမြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျလျက်ရှိသော်လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည့် ဒေသတစ်ခုဖြစ်ကြောင်းသိရသည်။ 
မအူပင်မြို့နယ်တွင် အလှဆင်မီးဆိုင်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား ၂ ထပ် နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်ဆုံးရှုံး
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၁၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ သစ်လွင်ထူး မြန်မာ့ထမင်းဆိုင်တွင် မတ် ၂၆ ရက် ည ၈ နာရီအချိန်က နေအိမ်ဈေးဆိုင်အပေါ်ထပ် ဘုရားစင်တွင် ပူဇော်ထားသော အလှဆင်လျှပ်စစ်မီးဆိုင်းမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။