မြန်မာနှင့် ဗီယက်နမ်အမျိုးသမီးအသင်း ယနေ့ခြေစမ်းပွဲကစားမည်
နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အမျိုးသမီးအသင်းသည် မတ် ၂၁ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။





