အာရှ ယူ-၂၃ ခြေစစ်ပွဲကို မတ် ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၌ ကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကို မတ် ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး သွားရောက်လှူဒါန်း

ညောင်ဦး   ၂၀   မတ်   
  

ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား လွိုင်လင် နှင့်ပင်လုံတွင်ကျင်းပ
မတ် (၂၀)ရက်တွင် ကျရောက်သည့် အကြိမ်(၇၀)မြောက်ပအိုဝ်းအမျိုးသားနေ့  (ဒဲဉ်သီးလာဗွေ)အခမ်းအနားကို
ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး သွားရောက်လှူဒါန်း
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများ နွေရာသီသောက်သုံးရေရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်မီးသတ်ဦးစီး ဌာနမှ တပ်ကြပ်ကြီး စိုးမိုးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့နယ် သဲပြင်တော ကျေးရွာသို့ သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ (၆၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ (၆၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲကို မတ် ၂၀ ရက်(တပေါင်းလပြည့်နေ့) ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပုဏ္ဏားကျွန်းမြို့နယ်ရှိနေရပ်စွန့်ခွာသူများအားသွားရောက်ထောက်ပံ့
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ ဦးစီးမှူးဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြောင်းရွှေ့ခိုလှုံလျက်ရှိသည့် တိုက်ပွဲ ရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများသွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှစပြီး အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’ ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင် ဘာသာအစီအစဉ်များကို ည ၁၁ နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။