ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော်နိုင်ရေး လာရောက်ဆွေးနွေး

မတ် (၁၁)ရက် မွန်းလွဲ (၂)နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး Myanmar Zhejiang Chamber of Commerce မှ Mr. Tu Guo Ding ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ တင်ပြခဲ့သည်။
ဘုရားပွဲကာလတွင်း၌ မင်းဘူး-ရွှေစက်တော်သွားလမ်းပိုင်းများ ပြုပြင်နေခြင်းအပေါ် ဝေဖန်မှုများရှိနေ
မင်းဘူးမြို့နှင့် မန်းရွှေစက်တော်ခရီးလမ်းကို ဘုရားဖူးပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရန် လမ်းပြုပြင်မှုများ ဆောင်ရွက်လျက်ရှိသော်လည်း နှစ်စဉ်မန်းရွှေစက်တော် ဘုရားဖူးရာသီကာလနှင့် တိုက်ဆိုင်စွာ လုပ်ဆောင်နေခြင်းကြောင့် ဝေဖန်မှုများရှိနေကြောင်း သိရသည်။
ပြည်မြို့တွင် LED မီးအလုံးပေါင်း သန်းတစ်ရာဖြင့် မီးအလှပွဲတော် ကျင်းပမည်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနာလမ်း ခေတ္တရာဧရာပန်းခြံ သဲသောင်ပြင်၌ LED မီးအလုံးပေါင်း သန်းတစ်ရာဖြင့် မီးအလှဆင်ပြသမည့် LED မီးအလှပွဲတော်ကြီးကို တက္ကသိုလ်ဝင်စာမေးပွဲများအပြီး မတ် ၁၆ ရက် ညနေပိုင်းမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လာမည့်ရက်များအတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်

နေပြည်တော် ၁၁ မတ်

၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါဂေဟစနစ်အား ပျက်စီးစေပြီး လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချနိုင်ရန်နှင့် ရေရှည်စဉ်ဆက်မပြတ်သော အခြားနည်းလမ်းများအား ရှာဖွေဖော်ထုတ်ခြင်းတို့ကို အတူအတွ ပူးပေါင်းဆောင်ရွက်သွားကြရန် ရည်ရွယ်ပြီး  ၂၀၁၉  ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်၌ စိုက်ပျိုးရေးချေးငွေဘဏ်သို့ ပေးသွင်းရမည့် ငွေကျပ်(၆၃)သိန်း ယူဆောင်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ အမည်မသိအမျိုးသားနှစ်ဦးမှ လူယူမှုဖြစ်ပွား
ဝမ်းတွင်းမြို့နယ်၌ စိုက်ပျိူးရေးချေးငွေဘဏ်သို့ ပေးသွင်းရမည့်ငွေကျပ် (၆၃)သိန်း ယူဆောင်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ အမည်မသိအမျိုးသားနှစ်ဦးမှ မတ် ၉ ရက် နံနက် ၁၁ နာရီက လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သော ကျောင်းသားတစ်ဦးကို တာဝန်ရှိသူများက လိုက်ပါကူညီဆောင်ရွက်ပေး
ပေါင်မြို့နယ် အ.ထ.က(ပေါင်) စာစစ်ဌာနတွင် ခုံအမှတ် ညပ - ၈၅၇ ဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့် ကျောင်းသား မောင်ချစ်မင်းသူမှာ -----