ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆွမ်ပရာဘွမ်မြို့နယ်နှင့် ခကရန်းယန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို မတ်(၈)ရက် မွန်းလွဲပိုင်းတွင် ဆွမ်ပရာဘွမ်မြို့နယ်၊ ခကရန်းယန်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။







