တိမ်အသင့်အတင့်ဖြစ်ထွန်းမည်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။




