မန္တလေးမြို့တွင်  တရားမဝင်ဖွင့်လှစ်သည့် တည်းခိုခန်းများကို စစ်ဆေး အရေးယူ သွားမည်ဟု ဆို

မန္တလေးမြို့တွင် တရားမဝင်ဖွင့်လှစ်ထားသည့် ဟိုတယ်၊  မိုတယ်၊  အင်းနှင့် တည်းခိုခန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှုများ ရှိနေခြင်းကို ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေး အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးမြတ်သူက ပြောသည်။
သံတွဲမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် လေးစီးအား AA  သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့်  ရဲတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး
ရခိုင်ပြည်နယ် သံတွဲမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် လေးစီးအား ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက AA သောင်းကျန်းသူအဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယဘုရားကျောင်းများ ဗိသုကာဆိုင်ရာ ဓာတ်ပုံပြပွဲကျင်းပမည်
အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲကို မတ် ၃ ရက် မွန်းလွဲ ၃ နာရီမှ ၄ နာရီအထိ ဒဂုံမြို့နယ် ပြည်လမ်းရှိ အမျိုးသားပြတိုက် ရန်ကုန်မြို့တွင်ပြသမည်ဖြစ်သည်။
(၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
၂၀၁၉ ခုနှစ် (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်ပြီး
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး ဆက်လက် ထစ်ချုန်းရွာနိုင်
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင် လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ဗင်နီဇွဲလားသမ္မတ က ဖမ်းဆီခဲ့တဲ့ အမေရိကန် သတင်းထောက်များပြန်လည်လွတ်မြောက် 
ဗင်နီဇွဲလားသမ္မတ မာဒူရို က အမေရိကန် အခြေစိုက် Univision ရုပ်မြင်သံကြားရဲ့ သတင်းထောက်တွေ အား သုံးနာရီနီးပါး ဖမ်းဆီးခဲ့ရာ ပြန်လည်လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန်နိုင်ငံကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။ ဗီနီဇွဲလား သမ္မတ မာဒူဂိုက Univision ရုပ်မြင်သံကြားကို အင်တာဗျူးပေးခဲ့ပါရာ သတင်းထောက်က မာဒူရိုလက်ထက် အတွင်း ဆင်းရဲ မွဲတေမှုအကြောင်းကို မေးမြန်းခဲ့ပါတယ်။ 
ကလေးမြို့တွင် မြစ်သာမြစ်ရေ အနိမ့်အမြင့်တိုင်းတာမှုကို တည့်မတ်ရေမှတ်တိုင်များဖြင့် ပြောင်းလဲတပ်ဆင်
ကလေးမြို့တွင် မြစ်သာမြစ်ရေတိုင်းတာမှုပုံစံကို မြေမြှုပ်ရေမှတ်တိုင် တိုင်းတာမှုပုံစံမှ မြေပြင် ပေါ်တွင် တည့်မတ်စွာတပ်ဆင်ထားသော တည့်မတ်ရေမှတ်တိုင်များဖြင့် ပြောင်းလဲတပ်ဆင်မှုကို