ကိုတင့်တို့ရပ်ကွက်
Line Walker – 2 ဇာတ်ကားရိုက်ကူးချိန်တွင် ခေတ္တလမ်းပိတ်/လမ်းလွှဲ ပြုလုပ်ခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အဆင်ပြေအောင် ဆောင်ရွက်မည် 
ရန်ကုန်မြို့တွင် ရိုက်ကူးမည့် Line Walker – 2 (Operation Midnight Shadow) ဇာတ်ဝင်ခန်းများနှင့် ပတ်သက်၍ ရိုက်ကူးမည့်နေ့ရက်အလိုက် လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မည့် အစီအစဉ်များကို ပြည်သူလူထုထံ ဖေဖော်ဝါရီ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Line Walker - 2 ဇာတ်ဝင်ခန်းအချို့ ရွှေတိဂုံစေတီရင်ပြင်တော်နှင့် YMCA ခန်းမတို့တွင် ရိုက်ကူး
လူကုန်ကူးမှု တိုက်ဖျက်ရေးနှိမ်နင်းမှု ဇာတ်လမ်းဖြစ်သည့် Line Walker - 2 ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့တွင် ရိုက်ကူးလျက်ရှိရာ ယနေ့တွင် ရွှေတိဂုံစေတီရင်ပြင်တော်နှင့် YMCA ခန်းမတို့တွင် ဇာတ်ဝင်ခန်းအချို့ကို ဆက်လက်ရိုက်ကူးခဲ့ကြသည်။
သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြင်ကွင်းပုံရိပ်များ
မြန်မာနိုင်ငံတစ်ဝန်း၌ ဒေသန္တရအလိုက် ဘုရားပွဲတော်များ၊ ရာသီပွဲတော်များကို ကျင်းပလျက်ရှိရာ အောက်မြန်မာပြည်၌ အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ 
ကျောက်တံခါးမြို့နယ် ရဲနွယ်ကြိုးဝိုင်းနှင့် ရဲနွယ်ဆည်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရဲနွယ်ကြိုးဝိုင်းနှင့် ရဲနွယ်ဆည်အတွင်း ပိန်းချောင်းတစ်လျှောက်၌ ဖေဖော်ဝါရီ ၁၅ ရက်က ပဲခူးခရိုင် တရားမဝင်သစ် ဖမ်းဆီးရေးအဖွဲ့မှ နယ်မြေရှင်းလင်းရာ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်။
လှည်းကူးမြို့နယ်တွင် သဘာဝဘေး အသိပညာပေးဟောပြော
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၄ ရက်က          ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် အရာထမ်း၊ အမှုထမ်းများမှ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြသည်။