ကျပ် ၁၀ဝ၀ တန် ထီလက်မှတ် ပြင်ပလက်ကားဈေး ကျပ် ၇၀ဝ နှုန်းသို့ဈေးကျ၊ လက်ပွေ့အရောင်းကျပ် ၈၀ဝ သာရှိ

၂၀၁၉ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ရောင်းချနေသော ပထမအကြိမ် ကျပ် ၁၀ဝ၀  တန် ထီလက်မှတ် အရင်းဈေးနှုန်းမှာ ၉၁၀ ကျပ်နှုန်းသာရှိသည်။ ရန်ကုန် ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ပြင်ပထီဈေးကွက်တွင် ဖေဖော်ဝါရီ  ဒုတိယပတ်အတွင်း ထီလက်ကားဈေးနှုန်းမှာ ကျပ် ၈၀ဝ သို့ ဈေးကျဆင်းလာရာမှ တတိယပတ်အစ ယခုရက်ပိုင်းတွင် ကျပ် ၇၀ဝ နှုန်းသို့ ဈေးကျဆင်းလာသည်ဟု လမ်းမတော်မြို့နယ်ရှိ ထီရောင်းချနေသူတစ်ဦးက ဆိုသည်။
တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကျိုင်းလပ်မြို့သို့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျိုင်းလပ်မြို့သို့ ကွင်းဆင်းပြီး ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေဆံရစ်
ဂျော်
ယွန်း
သဲသဲနှင့်ကဲကဲ
ဝိဝီ