နိုင်ငံတကာနှင့်ကိုက်ညီပြီး အများပြည်သူ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် တစ်နိုင်ငံလုံးရှိ မြစ်ရေတိုင်းတာရေးစနစ်အဆင့်မြှင့်တင်ဆောင်ရွက်

နိုင်ငံတကာနှင့်ကိုက်ညီပြီး အများပြည်သူ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် တစ်နိုင်ငံလုံးရှိ မြစ်ရေတိုင်းတာရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို
မြောက်ဦးမြို့ လော်ကမူရပ်၌ မီးလောင်ပျက်စီးဆုံးရှုံးသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ လော်ကမူရပ်၊ လော်ကမူဘုရားအနီးတွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမှတ်(၃၁) ရဲတပ်ရင်းနှင့် ခရိုင်/မြို့နယ်ရဲ တပ်ဖွဲ့ဝင်အင်အား (၉၁)ဦးတို့က မီးလောင်ပြင်နေရာအား ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ယခုမီးလောင်ဆုံးရှုံးခဲ့ရသော မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက လောကမာရ်အောင် ဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံ၌ တံတားတိုးချဲ့ပြုပြင်နေသည့် နေရာတွင် ကားများ မဆင်မခြင်မောင်းနှင်ရာမှ ယာဉ်များ ဆင့်ကဲတိုက်မူဖြစ်ပွား
မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အရှေ့ပိုင်း လမ်းတံတားပြုပြင်နေသည့် အနီးတွင် မဆင်မခြင်မောင်းနှင်မူကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ကားခြောက်စီး ဆင့်ကဲတိုက်မိပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
အတ္တရံမြစ်ကူးတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် လယ်မြေများအတွက် မြေယာလျော်ကြေးငွေ ပေးအပ်နိုင်ရေး ဆွေးနွေး
ကျိုက်မရောမြို့နယ် အတ္တရံမြစ်ကူးတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် လယ်မြေများအတွက် လယ်ယာမြေလျော်ကြေး ပေးအပ်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်တွင် နယ်မြေကျော် သယ်ဆောင်လာသော နွားများဖမ်းဆီးရမိ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၁၂ ဘီးယာဉ်ငါးစီးဖြင့် နယ်မြေကျော်သယ်ဆောင်လာသော နွားအကောင် ၁၀ဝ နှင့် လူ ၂၁ ဦးအား ဖေဖော်ဝါရီ ၁၄ ရက်က (၃၆)တံတားတိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ သိရသည်။
ထူးကဲဒီရေတက်မှု ကာကွယ်နိုင်ရန်နှင့် နွေသီးနှံစိုက်ပျိုးနိုင်ရန် ရေငန်တားတာတမံ တည်ဆောက်မှု ယခုလကုန်တွင် ပြီးစီးမည်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အဝဒါကျေးရွာအနီးတွင် ဒေသခံတောင်သူများ နွေရာသီ စိုက်ပျိုးရေရရှိရန်နှင့် မိုးရာသီ ထူးကဲဒီရေတက်ရောက်မှုမှ ကာကွယ်ရန် ရေငန်တား တာတမံတည်ဆောက်နေမှုမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်
ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက် ကွာဟမှုကျဉ်းမြောင်းစေရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦဖြစ်သည့် လမ်း၊ ရေပေးရေး၊ မီးလင်းရေးလုပ်ငန်းများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။