ပုဂံအလှ ရသစုံပုံရိပ် ဓာတ်ပုံပြပွဲ ဖွင့်လှစ်ပြသ
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့စုဝေးရာ ပုဂံဒေသ၏ သဘာဝအလှကို ကြည့်ရှုခံစားနိုင်ရန် ပုဂံဌာနေ ဓာတ်ပုံဆရာများ စုပေါင်း၍ ‘ပုဂံအလှ ရသစုံပုံရိပ် ဓာတ်ပုံပြပွဲ’ ကို စက်တင်ဘာ ၁၄ ရက်မှ ၂၄ ရက်အထိ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်း အမှတ်(၂၇၁)၌ ဖွင့်လှစ်ပြသလျက်ရှိသည်။
ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း(၁)နှင့် အပိုင်း(၂) သတ်မှတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃၃၀)ဧကရှိသော နယ်မြေကို “ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တော အပိုင်း(၁)” နှင့် ဧရိယာအကျယ်အဝန်း (၃၀)ဧကရှိသော နယ်မြေကို “ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တော အပိုင်း(၂)”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၈၂/ ၂၀၂၄)အရ ၁၃၈၆ခုနှစ်၊ တော်သလင်းလဆန်း (၇)ရက် (၂၀၂၄ ခုနှစ်၊ ၉ လ ၉ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား စားသောက်စရာများနှင့် ထောက်ပံ့ငွေများပေးအပ်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်သို့ သွားရောက်၍ ယာယီတည်းခိုနေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လှူဒါန်းသည့် ထမင်းဘူး (၁၄၀၀)၊ စားသောက်စရာများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်