မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၄) ကျင်းပ

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာရှိ သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံ

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာမည်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အဆင့်မြင့် ငါးဈေးသစ် စီမံကိန်းဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အဆင့်မြင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မိတ္ထီလာတောင်ကန်နှင့် မြောက်ကန်ရေသောက်စနစ်များ၏ မိုးစပါးရေပေးဝေမှု၊ ရေသောက်စနစ်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် မိတ္ထီလာကန်ရေသိုလှောင်ထားရှိမှု၊ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေသောက်စနစ်အတွင်း သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်‌ရေး၊ ဆည်ရေရရှိရန် ခက်ခဲသော အချို့ဧရိယာများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးရေရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။