ဩဂုတ် ၁၉ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်းသစ် (၂၆ ဒသမ ၁၁၈၂)တန်၊ သစ်မာ (၉ ဒသမ ၃၈၆၆)တန်နှင့် အခြား (၂ ဒသမ ၃၇၁၈)တန် ဖမ်းဆီးရမိ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ပြည်သူပူးပေါင်းပါဝင်သော လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။







