ကောင်းမွန်သောစီမံမှုလုပ်ထုံးလုပ်နည်း ကျင့်သုံးရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ 

နေပြည်တော် ဩဂုတ် ၂၂

လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/ ၂၀၂၄) ကျင်းပ

 

နေပြည်တော် ဩဂုတ် ၂၂

နေပြည်တော်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်းရန် ပြင်ဆင်ဆောင်ရွက်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။
နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၌ တိုက်ခန်းအတွင်းဝင်ရောက်၍ ငွေများခိုးယူသူနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးအရေးယူ
ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ CL-2၊ တိုက်(၁၀)၊ အခန်း(၁၄)နေ ဒေါ်ဝင်းဝင်းမော် (၅၃)နှစ်သည် ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲတွင် ရုံးမှနေအိမ်တိုက်ခန်းသို့ ပြန်လည်ရောက်ရှိစဉ် အိပ်ခန်းရှိ ဗီရိုအတွင်းထားရှိသော ငွေကျပ်ရောရာ ၄၈,၅၈၀,၀၀၀ အနက် ငွေကျပ် ၈၀,၀၀၀ ကိုသာ တွေ့ရှိရပြီး ငွေ ၄၈၅ သိန်းကျပ်မှာ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တိုင်တန်းချက်အရ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉) နယ်မြေရဲစခန်း (ပ)၃၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့သည်။