မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော် မကွေးဗဟိုအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစိုး၊ ခရိုင်နှင့်မြို့နယ် တရားသူကြီးများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက မကွေးဗဟိုအကျဉ်းထောင်အား သွာရောက်စစ်ဆေးခဲ့သည်။