နေ့စဉ်မြစ်ရေခန့်မှန်းချက်

အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

အသိပေးကြေညာခြင်း

၅-၇-၂၀၂၄

မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၃/၂၀၂၄) အစည်းအဝေး ကျင်းပ
မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၄) ကို ဇူလိုင် ၄ ရက်က  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ တက်ရောက်ကြသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၅) သင်တန်းဆင်းပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲ၊ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၁၀၅) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးရဲနိုင်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဝိုင်ဘီအက်စ်ခရီးသည်တင် ယာဉ်များပေါ်တွင် “စပယ်ယာတင်ဆောင်ခြင်းမပြုရ” စာတန်းပါ စတေကာများ တပ်ဆင်မည်
ဝိုင်ဘီအက်စ်ခရီးသည်တင်ယာဉ်များ (Mini Bus ယာဉ်များအပါအဝင်) ပေါ်တွင် “စပယ်ယာတင်ဆောင်ခြင်းမပြုရ” စာတန်းပါ စတေကာများကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။