မွန်ပြည်နယ်ဝန်ကြီးချုပ် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြပွဲတက်ရောက်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခြင်း၊ မိုးစပါးများ စိုက်စနစ်မှန်ကန်ရေးအတွက် Drum Seeder၊ လက်ဆွဲကောက်စိုက်စက်နှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ဝက်တဲကျေးရွာ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
မင်းဘူးခရိုင်အတွင်း၌ တိုင်းရင်းသားပြည်သူများ၏ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် စာကြည့်တိုက် အဆောက်အအုံသစ်များ တိုးချဲ့ဆောက်လုပ်ပေးသွားမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ တိုင်းရင်းသားပြည်သူများ၏ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် စာကြည့်တိုက်ဆောက်အအုံသစ်များကို တိုးချဲ့ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူများနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ခန္တီးမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ခိုးမှု ၃ မှုနှင့် ခိုးမှု(မသင်္ကာ) ၂ မှု ကျူးလွန်သူ တရားခံ အမျိုးသား ၄ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၄

အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့်  ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိ၊ လူနေအိမ်အချို့နှင့် မူလတန်း(လွန်)ကျောင်းဆောင်တစ်ခုပျက်စီး

နေပြည်တော် ဇူလိုင် ၄