အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဗဟန်းမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်တက်ရောက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အခြေခံပညာကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အဖြစ် ဇွန် ၃ ရက်စတင်၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ရာနှုန်းပြည့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ၊ ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ဆရာ/ဆရာမများ၊ တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများ၊ အခြေခံပညာအဆင့် သင်ကြားနေသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။