ဇလွန်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့ ဇွန် ၃ ရက်မှစ၍ ကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။
ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များဆောင်ရွက်ပေး
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြသည်။
ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းစတင်ဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေး
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားရှိခဲ့ပြီး ယနေ့ ဇွန် ၃ ရက်မှစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှု အခြေအနေများနှင့် ကျောင်းသား/ကျောင်းသူများ၏ ပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်မှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

မနက်ပိုင်းရွှေဈေး

နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်


၂၀၂၄ ခုနှစ်၊ ဇွန် ၃  ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်

နိုင်ငံသားပိုင် ကမ်းနီး/ ကမ်းဝေး ငါးဖမ်းရေယာဉ်များ မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များ လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာများ ထုတ်ပြန်