စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅/၂၀၂၄)

ညနေပိုင်းရွှေဈေး

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

(၁၈)ကြိမ်မြောက် အာဆီယံ လူမှုသစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပ
အာဆီယံ လူမှုသစ်တောဆိုင်ရာလုပ်ငန်းအဖွဲ့ (ASEAN Working Group on Social Forestry – AWGSF)၏ (၁၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်းကြင်းခန်းမ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၅) ဖွင့်လှစ်
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၅)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။