စစ်ကိုင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း စတင်လက်ခံပေး
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု စတင်လက်ခံပေးခြင်းကို တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မေ ၂၃ ရက်မှစ၍ စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံပေးခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ကြသည်။








