၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မေလ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှု လှည့်လည်ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။
ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမပေါ်ရှိ တံတားတစ်စင်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မွန်းလွဲပိုင်းရွှေဈေး

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အတိုင်း မေ ၂၃ ရက် ယနေ့ နံနက် ၉ နာရီကစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။