မုဒုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် (၁၃)လုံးပျက်စီး
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပကျေးရွာရှိ အ.မ.က(မူလွန်) စာသင်ကျောင်းနှင့် ကလော့သော့ကျေးရွာရှိ လူနေအိမ် (၁၃)လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။








