တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှု စံချိန်တင်မြင့်တက်

တောင်ကိုရီးယားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၃၄ ဦးရှိရာ ရောဂါ ကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသဖြင့် သေဆုံးသူ ၄၄၆၃၆၈ ဦးရှိလာ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၃၈၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၃၅၉၄၈၀၃ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၇၅၄ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၇၅၄ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၂၁၅၆၆၇၈ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၅၀၀ လှူဒါန်းပေးသွားမည့် အမေရိကန်
အစိုးရဝန်ထမ်းများ၊ ပညာရေးလုပ်သားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည်ဟု ယူကရိန်းနိုင်ငံ ကြေညာချက်ထုတ်ပြန်
ယူကရိန်းအစိုးရသည် အစိုးရဝန်ထမ်းများနှင့် ပညာရေးလုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးရမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှင့် ထိစပ်မှုရှိသဖြင့် ဘရာဇီးသမ္မတ သီးသန့်ခွဲခြားနေထိုင်
ဘရာဇီးသမ္မတ ဘော်ဆိုနာရိုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ကျန်းမာရေးဝန်ကြီး မာစီလိုကီရိုဂါနှင့် ထိစပ်မှုရှိသဖြင့် နောက်ထပ်ငါးရက်ကြာ သီးသန့်ခွဲခြားနေထိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အီရန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅၄၇၇၂၂၉ ဦး ရှိလာ
အီရန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၄၃၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၅၄၇၇၂၂၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။