စစ်တွေမြို့နယ်၌ ဒေသထွက် ခဝဲ၊ သခွားသီးနှံများ ထွက်အားကောင်းခြင်းကြောင့် စီးပွားရေးအဆင်ပြေ

စစ်တွေမြို့နယ်၊ (စစ်‌တွေ-ပုဏ္ဏားကျွန်း) ကျားမသောက်ကျေးရွာ ကားလမ်းမပေါ်တွင် ရာသီသီးနှံ ခဝဲနှင့် သခွားသီးနှံများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသောကြောင့် ဈေးကွက်တွင် အရောင်းသွက်ကာ မိသားစုစားသုံးစရိတ် ဖူလုံလျက်ရှိကြောင်း ရာသီသီးနှံလုပ်ငန်း စိုက်ပျိုးလုပ်ကိုင်သူ ဉီးမောင်ထွန်းလှ ပြောသည်။