နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

လေဖိအားနည်းရပ်ဝန်းအခြေအနေ 

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်စပ်ဆက်လျက်ရှိသော သီရိလင်္ကာနိုင်ငံ ကမ်းလွန်ပင်လယ်တွင် ဆက်လက်တည်ရှိနေပါသည်။
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

လေဖိအားနည်းရပ်ဝန်းအခြေအနေ

ဆောင်းရာသီကာလ ယေဘုယျ မြစ်ရေခန့်မှန်းချက်
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၇-ပေမှ ၁၅-ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့်ဇလွန်မြို့တို့တွင် ၁၅-ပေမှ ၂၀-ပေခန့်လက်ရှိရေမှတ်အောက် ကျဆင်းလာနိုင်သည်။
နိုဝင်ဘာလ လပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်
၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် (၄)ပေမှ (၇)ပေခန့်၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူ မြို့တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့တို့တွင်(၃)ပေမှ (၅)ပေခန့်လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။