ပုသိမ်မြို့၊ မြေနုလမ်းတွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြေနုလမ်းတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀  ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် ပုသိမ်ခရိုင်မှ မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာ ငြှိမ်းသတ်လျက်ရှိပြီး မွန်းလွဲ ၁ နာရီ ၁၆ မိနစ်တွင် မီးထိန်းနိုင်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းအရ သိရ
မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ် (၁၀) ရပ်ကွက် သီရိပဒေသာ ဈေးလမ်းရှိ ခြံအမှတ် DD-31 နေ သီဟအောင်၏ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၂၃ ပြားနှင့် လက်ကိုင်ဖုန်း ၃ လုံး တို့ကို လည်းကောင်း။
ရန်ကုန်မြစ်အတွင်း၌ ငါးဖမ်းရေယာဉ်တစ်စင်း ကျောက်ချထားစဉ် ကျောက်ကြိုးပြတ်၍ ရေစီးနှင့်မျှောကာ ဒလဘက်ခြမ်းရှိ ချဉ်းကပ်ယာယီတံတားအား ဝင်ရောက်တိုက်မိမှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကသွယ်ရပ်ကွက်ရှိ ဆိပ်ကမ်း၌ ငါးဖမ်းရေယာဉ်တစ်စင်း ကျောက်ချထားစဉ် ကျောက်ကြိုးပြတ်၍ ရေစီးနှင့်မျှောကာ ဒလဘက်ခြမ်းရှိ ရေလယ်ချဉ်းကပ် ယာယီတံတားအား ဝင်ရောက်တိုက်မိမှု မတ် ၁၄ ရက် ည ၆ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သွားနေသောရထားအား ဆိုင်ကယ်မှဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ နေရာတွင် သေဆုံး
မွန်ပြည်နယ် မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာအုပ်စု ကော့ခိုက်ကျေးရွာ ရွာအဝင်လမ်း ရထားလမ်းကူး၌ အစုန်ရထား ခေါင်းအမှတ် DD-924 ရေးမြို့မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာစဥ် ကော့ခိုက်ကျေးရွာ (ဗမာစု) အတွင်းမှ ကားလမ်းမပေါ်သို့ မောင်းလာသော သန့်ဇော်ဦး (၂၆)နှစ် အဆိုပါကျေးရွာနေသူမှ အရှိန်မထိန်းနိုင်ဘဲ ရထားအားဝင်တိုက်မိရာ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သင်္ဘောပေါ် ခြင်းခတ်ကစားရာမှ လူတစ်ဦး ပြုတ်ကျသေဆုံး
ကျိုက်မရောမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီက အတ္တရံမြစ်ကမ်းနဘေး ဆိုက်ကပ်ထားသော မိုးဟိန်းအမည်ရှိ သဘော်ပေါ်၌ အလုပ်သမားများ ခြင်းလုံးခတ်ကစားကြရာမှ ခြင်းလုံးရေထဲပြုတ်ကျသဖြင့် လူတစ်ဦးက ဆင်းဆယ်ရာ ပြန်မပေါ်လာတော့ဘဲ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်လေးလုံး မီးလောင်ဆုံးရှုံး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းပင်ဆိပ်ကျေးရွာတွင် ယနေ့နံနက် ၁ နာရီက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ တာဝန်ကျ ကျောင်းဆရာမအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားသူများ ဖမ်းမိ