ရေဖြူမြို့နယ်၌ တောမီးမှတစ်ဆင့် ကေဘယ်မီးကြိုးများနှင့် ကားတာယာဟောင်းများ မီးကူးစက်လောင်ကျွမ်း­

ကန့်ဘလူမြို့နယ်တွင် ဆိုင်ကယ်လုယက်မှု ကျူးလွန်သူများ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သောက္ကန်ကျေးရွာနေ အလယ်တန်းပြ ဆရာမ ဒေါ်ယဉ်အေး(၄၃)နှစ်သည် မတ် ၁၁ ရက် ညနေ ၃ နာရီခွဲတွင် အလယ်လျှိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် တက္ကသိုလ်ဝင်စာမေးပွဲအခန်းစောင့်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် သောက္ကန်ကျေးရွာအနောက်ဘက်ရှိ ကျေးရွာချင်းဆက် လမ်းမပေါ်၌ အမည်မသိ အမျိုးသား(၃)ဦးမှ ရပ်တန့်ရန်တားဆီးပြီး တုတ်ဖြင့်ရိုက်ကာ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားသဖြင့် ဇီးကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ခဲ့သည်။
ဖလမ်းမြို့နယ် လုမ်ဘန်းကျေးရွာ၌ လျှပ်စစ်မီးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
ဖလမ်းမြို့နယ်၊ လုမ်ဘန်းကျေးရွာ ဒေါ်ခွမ်းဆွေးနေအိမ်တွင် မတ် ၁၄ ရက် နံနက် ၉ နာရီက  လျှပ်စစ်ဒယ်အိုးနီဖြင့် ဟင်းချက်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည်။
မိုးကုတ်မြို့နယ် တောင်ကချင်ရပ် သီတဂူဘုန်းတော်ကြီးကျောင်း ကိုရင်ဆောင်တွင် မီးလောင်မှုဖြစ်ပွား
မိုးကုတ်မြို့နယ် တောင်ကချင်ရပ်ကွက် သီတဂူဘုန်းတော်ကြီးကျောင်းရှိ ကိုရင်ဆောင်တွင် မတ်လ ၁၃ ရက် နံနက် ၇နာရီ၄၅မိနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
ရွှေတောင်မြို့နယ်တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
ပဲခူးတိုင်း  ပြည်ခရိုင်  ရွှေတောင်မြို့နယ်ရှိ အမှတ် (၆) တပ်မတော်စစ်ဆေးရုံ ခုတင် ၁၀ဝ ဝန်ထမ်းလိုင်းခန်းတွင် မတ်လ ၁၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတစ်ဆင့် ဆွေးမြည့်နေသော နံရံသို့မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း  တရားမဝင်သစ်များ ဖမ်းဆီးရမိ