တောမီးမှတစ်ဆင့် အလုပ်သမားတန်းလျား အဆောက်အဦဟောင်း မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်အနီးတွင် ယမန်နေ့ ညနေ ၆ နာရီခန့်က တောမီးလောင်ကျွမ်း ရာမှတစ်ဆင့် ယခင်အလုပ်သမားများ နေထိုင်ခဲ့သည့် အလုပ်သမားတန်းလျား မြေစိုက်အဆောက်အဦတစ်လုံး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။







