သီပေါ နှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းတွင် ..............
မြို့နယ်အချို့တွင်  တရားမဝင်သစ်များ ဖမ်းဆီးရမိ 
ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည်  တမူးမြို့နယ်၊ မြို့သစ်မြို့၏ အရှေ့တောင်ဘက် (၆)မိုင်ခန့်အကွာမှ တရားမဝင်ကျွန်းသစ် (၉ ဒသမ ၅၉၇၀)တန် ၊ ကသာမြို့နယ်၊ ဆင်စင်းရွာ၏ အောက်ဘက်ရွှေလီမြစ်အတွင်း တရားမဝင်ကျွန်းသစ်/ ကျွန်းခွဲသား(၃ပေတို)/လုံးပတ်၃ပေအောက် ကျွန်းသစ် (၂၆ ဒသမ ၄၁၀၄) တန်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းမှ တရားမဝင် ပိတောက်ခွဲသား (၅ ဒသမ ၉၈၈၂) တန်၊ ကလေးဝမြို့နယ်၊ ဆင်ခေါင်းရွာတောင်ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးမှ တရားမဝင် အင်ခွဲသား (၁၂ ဒသမ ၆၉၇၆)တန် သိမ်းဆည်းရမိခဲ့သည်။
တောင်ကုတ်ရန်ခိုအုပ်စု တပ်ရှောင်လမ်း၌ ဟိုင်းလတ်ယာဉ်တစ်စီး မီးလောင်
တောင်ကုတ်မြို့ ရန်ခိုကျေးရွာအုပ်စု တပ်ရှောင်လမ်း၌ ယနေ့ညနေ ၃ နာရီ ၄၅ အချိန်ခန့်တွင် အိမ်စီး ဟိုင်းလတ်ယာဉ်တစ်စီး ဆီပိုက်ပြုတ် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
တောင်ငူနှင့် မိုင်းခုတ် မြို့နယ်နှစ်ခုပေါင်း ငွေကျပ်သိန်း ၁၃၁၆၈ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်၊ ပေါက်လှကြီးလမ်းပေါ်တွင်တွေ့ရှိသူ မခင်လပြည့်ဝင်း (ခ)အိအိခိုင် အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅,၃၅၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ၎င်း၏ နေအိမ်အားရှာဖွေရာ နေအိမ်တွင် ရှင်းခန့်ကို နှင့် စိုင်းကွန်ခမ်း တို့အားတွေ့ရှိပြီး ၎င်းတို့၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၇၂၀ ၊ MICRO BUS အမျိုးအစားမော်တော် ယာဉ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံး၊ စုစုပေါင်း ငွေကျပ်သိန်း ၁၁၇၂ ဒသမ ၁ တန်ဖိုးကို သိမ်းဆည်းရမိခဲ့သည်။
ပင်လုံမြို့တွင် ဘိန်းစိမ်းများနှင့်ခဲယမ်းများ ဖမ်းဆီးရမိ
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁၃၅၀ အချိန် တပ်မတော်မှ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နောင်လိုင်ကျေးရွာအုပ်စု၊ ဟွေကုန်းကျေးရွာတွင် လုံးစိန်(ခ)လုံးဆေး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဆာလာအိတ်ဖြင့်ထည့်ထားသည့် ဘိန်းစိမ်း ၄၃ ကီလို၊ TNT ယမ်းတောင့် ၁၅ တောင့်၊ မီးရှို့စနစ်တံ ၂၅တောင့်၊ ၅.၅၆ကျည် ၅ တောင့်တို့အား သိမ်းဆည်းရမိ
စလင်းမြို့နယ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

စလင်း  ၂၃  ဖေဖော်ဝါရီ