ပြည်ကြီးတံခွန်မြို့နယ်ရှိ လျှပ်စစ်ပစ္စည်းဂိုထောင်တွင် မီးလောင်မှုဖြစ်ပွားရာ Level -4 အဆင့် သတ်မှတ်၍ ငြှိမ်းသတ်ခဲ့

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ဆင်ဖြူရှင်လမ်းနှင့် မြဝတီမင်းကြီးလမ်းကြား လမ်းသွယ် ၁ နှင့် လမ်သွယ် ၂ ကြား၊ ချမ်းမြသာယာရပ်ကွက်ရှိ J-fresh လျှပ်စစ်ပစ္စည်းဂိုထောင်တွင် ဖေဖော်ဝါရီ ၉ ရက် ည ၇ နာရီ ၅၅ မိနစ်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ Level – 4 အဆင့် သတ်မှတ်၍ ည ၁၁ နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်အချို့တွင် တရားမဝင်သစ်များဖမ်းဆီးရမိ
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးခဲ့ရာ  လယ်ဝေးမြို့နယ်၊ ရုံးပင်ကြိုးဝိုင်း အကွက်အမှတ် (၄၅၊ ၆၈၊ ၇၇၊ ၈၀)အတွင်း တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ ပိုးမဲဇာ/တရော်/ ဆိတ်ချေး/
စေတုတ္တရာမြို့နယ် မကြီးစုကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မကြီးစုကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီက  မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် သုံးလုံးမီးလောင်ဆုံးရှုံခဲ့ကြောင်း သိရသည်။
မန္တလေး ကျွဲဆည်ကန်မြောက်ဘက်အနီး မီးလောင်
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်မြောက်ဘက်အနီးတွင် ယနေ့ည ၈ နာရီက မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိကြောင်း သိရသည်။
စစ်တွေမြို့ရှိ အသုံးမပြုတော့သော တက္ကသိုလ်ကျောင်းဟောင်း၌ မီးလောင်မှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မောလိပ်ရပ်ကွက်ရှိ ယခင်တက္ကသိုလ်ကျောင်းဖွင့်လှစ်ခဲ့သည့် ကျောင်းဝင်းအတွင်း ကျောင်းဆောင် နှစ်ဆောင် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လောက်ကိုင်၊ သန္နီ၊ မဘိမ်း မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်က လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာအဝင်ရှိ ညောင်ပင်အနီး၊ လောက်ကိုင်-ရန်လုံကျိုင်းသွားလမ်းတွင် လမ်းလျှောက်လာသူ တရုတ်နိုင်ငံသား လော်ယီရွှီး အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,ဝ၀ဝ ကို သိမ်းဆည်းရမိခဲ့သည်။
ဆီဆိုင်နှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၅ ဧက ဖျက်ဆီး
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၈ ရက်က ဆီဆိုင်မြို့နယ်၊ ထီတယမ်းကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၁၂ ဧကခန့်နှင့်  မိုင်းပျဉ်းမြို့နယ်၊ ဟွေမူ(၂)ကျေးရွာ၏ တောင်ဘက်၃ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၃ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြကြောင်း