နမ့်စန်တွင် ကားပစ္စည်းအဟောင်းများထားသည့် ဂိုထောင် ၂ လုံး မီးလောင်မှုဖြစ်ပွား
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်စန်-မိုးနဲ သွား ကားလမ်းမဘေးရှိ (ဟိုမိန်း) ဌာနေပြည်သူ့စစ်အဖွဲ့ပိုင် ခြံဝန်းအတွင်းတွင် ဖေဖော်ဝါရီလ ၆ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကားပစ္စည်းအဟောင်းများထားသည့် ဂိုထောင် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။






