လွိုင်ကော်၊ ဟိုပုံး နှင့် မိုင်းတုံမြို့နယ်တွင် မူးယစ်‌ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲက လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာ၊ ထီးစဲခါးတံတား၊ ဆီဆိုင်-လွိုင်ကော် ကားလမ်းတွင် စိုင်းဝင်း မောင်းနှင်ပြီး စိုင်းကျော်လှ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,ဝ၀ဝ ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။
ပါကစ္စတန်နိုင်ငံတွင် အမေရိကန်သံရုံး မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွား တစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တော်ရှိ ကားတစ်စီးသည် အမေရိကန်သံရုံးမှ မော်တော်ယာဉ်တစ်စီးနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စလာမာဘတ်မြို့တော် ရဲတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။
ပုသိမ်-ငွေဆောင် ကားလမ်းဘေးတောတွင်း၌  တောဆင်ရိုင်းတစ်ကောင်ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးလျက်တွေ့ရှိ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ သဇင်ကျေးရွာအုပ်စု ရှောက်ပင်ချောင်းကျေးရွာ တောင်ဘက် (၃)မိုင်ခန့် တောတွင်း၌ ဇန်နဝါရီ ၂၆ ရက် ည ၁၀ နာရီ ခွဲခန့်က ဆင်တစ်ကောင်သေဆုံးနေကြောင်း သတင်းအရ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားမှုဖြင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ဖြစ်ပွားရာနေရာသို့
ငွေကျပ်တန်ဖိုး သိန်းပေါင်း ၈၈၆၀ဝ ကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဝါဝါဝင်းလမ်း၊ အမှတ်(မ/၄)၊ (၄)လွှာနေ အောင်ရဲကျော်(ခ)ဖိုးခွား၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ဝ၀၁၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၄၀ ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်း‌ကောင်း၊ အလားတူ ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝမ်ကျန်ကျေးရွာအနီး၊ ကတ်ထိုက်- ကတ်တောင် ကျေးရွာသွားလမ်းတွင် လောတာ မောင်းနှင်ပြီး လီဆူလိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၈၄၀ဝ၀ တန်ဖိုးရှိ အိုက်စ် ၃၃၆ ကီလို၊ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (ခေါက်ဒင်) ၁ လက်၊ ၎င်းကျည် ၇၅ တောင့်၊ ၎င်းကျည်အိမ် ၃ ခု၊ လက်ကိုင်ဖုန်း ၂ လုံးနှင့်စကားပြောစက် ၁ လုံးတို့ကိုလည်းကောင်း၊
ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၀ ဧက ဖျက်ဆီး
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၅ ရက်တွင် ပုံဆွေပင်ကျေးရွာ၏ အနောက်မြောက်ဘက် ၂ ဖာလုံခန့်အကွာ ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၈ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအတွင်းမှ သစ်ခွဲသားများ သိမ်းဆည်းရမိ
လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်း အကွက်အမှတ်(၅၅)၊ (၆၅)၊ (၆၆)နေရာများမှ အခြားသား ၁၂၆ ချောင်း၊ ၂၂ ဒသမ  ၇၇၃၄ တန် သိမ်းဆည်းရမိ
ညောင်ဦးမြို့ ၊ ပုဂံမြို့ဟောင်းသွားလမ်းတွင် ကားနှင့်စက်ဘီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့ ၊ အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက် နဂါးကျစ်ဘိုးဘွားရိပ်သာအနီး  ပုဂံမြို့ဟောင်းသွား ကားလမ်းတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ကားနှင့် စက်ဘီး မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။