တပ်ကုန်းမြို့နယ်၌ ဆိုင်ကယ်မှ လျှပ်စစ်ဓာတ်တိုင်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ ၃ ဦးသေဆုံး
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅၀/၀-၁)ကြား၌ ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင် ဆိုင်ကယ်မှ လျှပ်စစ်ဓာတ်တိုင်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။








