ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ကျင်းပ

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ယမန်နေ့က ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် ရီးရဲမက်ဒရစ်နှင့် ဗီလာရီးရဲတို့ အနိုင်ရပြီး နောက်တစ်ဆင့်တက်ရန် အခွင့်ကောင်းများပိုင်ဆိုင်ခဲ့
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှ ချယ်ဆီးနှင့် ရီးရဲမက်ဒရစ်၊ ဗီလာရီးရဲနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်ကို ဧပြီ ၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်၊ ဗီလာရီးရဲအသင်းတို့ အနိုင်ရရှိကာ နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။
အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်
၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု နောက်ဆုံးနေ့ကို ဧပြီ ၆ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။
ခရစ္စတယ်ပဲလေ့အသင်းကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်း အဆင့်(၄)နေရာ တက်လှမ်းမယ့်အခွင့်အရေးနဲ့ လွဲခဲ့ရ
ခရစ္စတယ်ပဲလေ့အသင်းနဲ့ အာဆင်နယ်အသင်းတို့ ဧပြီ  ၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၃၀)မှာ ခရစ္စတယ်ပဲလေ့အသင်းက အာဆင်နယ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့်(၄) နေရာ တက်လှမ်းမယ့်အခွင့်အရေးနဲ့ လွဲခဲ့ရပြီဖြစ်ပါတယ်။
၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း ဩစတြေးလျကို ဂိုးပြတ်အနိုင်ယူ
၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဧပြီ ၅ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာဖူဆယ်အသင်းက သြစတြေးလျကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားသည်။