အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း သြစတြေးလျကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် အခြေအနေကောင်း

၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပိယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဧပြီ ၅ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာဖူဆယ်အသင်းက
အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ် သရေကျ
၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုတတိယနေ့ကို ဧပြီ ၄ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်  ကျင်းပရာ မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။
ဆီဗီလာကို အနိုင်ယူပြီး ဒုတိယနေရာ တက်လှမ်းလာနိုင်ခဲ့သည့် ဘာစီလိုနာ
စပိန်လာလီဂါပွဲစဉ် (၃၀) မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် ဘာစီလိုနာအသင်းနှင့် ဆီဗီလာအသင်း တို့ ပွဲစဉ်ကို ဧပြီ ၄ ရက် နံနက်က နူးကမ့်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာ အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
တိုက်စစ်မှူး နေမာ၊ အမ်ဘတ်ပီနဲ့ မက်ဆီတို့ရဲ့ သွင်းဂိုးတွေနဲ့ လိုရီးယန့်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် ပီအက်စ်ဂျီအသင်း အနိုင်ရရှိ
ပီအက်စ်ဂျီအသင်းနဲ့ လိုရီးယန့်အသင်းတို့ ဧပြီ ၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ပထမတန်း ဖလားပြိုင်ပွဲ ပွဲစဉ်(၃၀)မှာ ပီအက်စ်ဂျီ အသင်းဟာ တိုက်စစ်မှူး နေမာ၊ အမ်ဘတ်ပီနဲ့ မက်ဆီတို့ရဲ့ သွင်းဂိုးတွေနဲ့ လိုရီးယန့်အသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဝက်စ်ဟမ်းတို့ အဲဗာတန်ကို အနိုင်ယူပြီး စပါးတို့ နယူးကာဆယ်ကို ဂိုးပြတ်နိုင်
ပရီမီယာလိဂ်ပွဲစဉ် (၃၁) မှ ဝက်စ်ဟမ်းအသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်ကို ဧပြီ ၃ ရက်ညပိုင်းက ဝက်စ်ဟမ်း အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဝက်စ်ဟမ်းအသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဘင်ဇီမာရဲ့ပင်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့ ဆယ်လ်တာဗီဂိုကို အနိုင်ရပြီး ရီးယဲလ်မက်ဒရစ်အသင်း လာလီဂါဇယားထိပ်၌ ဆက်လက်ဦးဆောင်နိုင်ခဲ့
ဆယ်လ်တာဗီဂိုအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် ၃၀ မှာ ရီးယဲလ် မက်ဒရစ်အသင်းကတိုက်စစ်မှူးဘင်ဇီမာ ရဲ့ ပင်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါအမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်ခွင့်ရရှိခဲ့ပါ တယ်။
မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဂျပန်မှ အိုဆာကာကို အနိုင်ယူကာ ပိုလန်သူ ဆွီယာတက်ခ် ဖလားဆွတ်ခူး
မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်သည် ဂရင်းဆလမ်း ချန်ပီယံဆု လေးကြိမ် ဆွတ်ခူးရရှိထားသော ဂျပန်တင်းနစ်မယ် အိုဆာကာကို အနိုင်ရရှိကာ မီယာမီအိုးပင်းဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့သည်။