ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် မြန်မာအသင်း ၂၀၂၂ အာဆီယံ ယူ-၂၃ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရ
ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ မြန်မာအသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကစားသမား များရှိနေခြင်း၊ ရောဂါလက္ခဏာ ခံစားနေရသူများရှိနေခြင်းတို့ကြောင့် မလေးရှားနှင့် အုပ်စုပထမပွဲ မကစားမီ နာရီပိုင်းအလိုတွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။



