ရိုးမားအသင်း ဥရောပကွန်းဖရင့်လိဂ်ဖလားပထမဆုံးအကြိမ် ဆွတ်ခူး

ရိုးမားအသင်းနဲ့ ဖီယင်နုအသင်းတို့ မတ် ၂၆ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပကွန်းဖရင့် လိဂ်ဖလားနောက် ဆုံးဗိုလ်လုပွဲစဉ်မှာ ရိုးမားအသင်းက ဇာနီအိုလီရဲ့ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဥရောပကွန်းဖရင့်လိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။
အမ်မာရာဒူကာနူ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ကာမီရွန်နော်ရီး နောက်တစ်ဆင့် တက်လှမ်းခွင့်ရရှိ
ဗြိတိန်နံပါတ်တစ်တင်းနစ်မယ် အမ်မာရာဒူကာနူဟာ ပြင်သစ်အိုးပင်းတင်းနှစ်ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်းဒုတိယအဆင့်မှာ ရှုံးပွဲကြုံခဲ့ရတာကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
လိုက်ဝယ်သာဝိတ်ခါးပတ်များ သိမ်းပိုက်နိုင်ခဲ့တဲ့ ချန်တယ်လီကာမီရွန်
​​​​​​​ဗြိတိန်လက်ဝှေ့မယ် ချန်တယ်လီကာမီရွန်ဟာ လန်ဒန်မြို့ရှိ 02 အရီနာ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပြိုင်ပွဲမှာ ဘတ်စတော့ကို အမှတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒဗလျူဘီစီ၊ အိုင်ဘီအက်ဖ်စတဲ့ လိုက်ဝယ်သာဝိတ်ချန်ပီယံခါးပတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်၌ ပထမရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလိုကြောင်း မန်ယူနည်းပြသစ် တန်ဟတ် ပြောကြား
နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ်သည် တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတွင် မန်ယူအသင်း နည်းပြသစ်အဖြစ် မိတ်ဆက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်သို့ လာရောက် လည်ပတ်ခဲ့ကြောင်း၊ ထိုသို့လာရောက်လည်ပတ်စဉ်အတွင်း အသင်းပရိသတ်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းသည် အိုးထရက်ဖို့ဒ်၌ တာဝန်ထမ်းဆောင်သည့် ပထမရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလိုကြောင်း ပြောကြားခဲ့သည်။
အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအကြို ခြေစမ်းပွဲတွင် မြန်မာနှင့် ဟောင်ကောင် ဂိုးမရှိသရေကျ
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် မေ၂၄ ရက် မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲက Pattana Stadium တွင် ဟောင်ကောင်လက်ရွေးစင် အသင်းနှင့် Training Match ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျခဲ့သည်။
မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ ခြေစစ်ပွဲ အုပ်စုမဲခွဲ
မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့တွင် ပြုလုပ်ခဲ့သည်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ၊ ရွှေတံဆိပ်(၉)ဆု၊ ငွေတံဆိပ်(၁၈)ဆု၊ ကြေးတံဆိပ်(၃၅)ဆုတို့ဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု(၇)ရရှိ