ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ 2019-nCoV Acute Respiratory Diseases နှင့်ပတ်သက်၍ ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်ချက်အရ ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု အဖြစ် လူနာများနှင့်လူနာစောင့်များအား ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ အပါအဝင် အခြားကူးစက်ရောဂါများနှင့်စပ်လျဉ်း၍ ကျန်းမာရေးပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀ဝ)၌ ကျင်းပသည်။