တရုတ်နိုင်ငံ၌ အဆုတ်ရောင်ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇ ဦးထပ်မံတွေ့ရှိ

တရုတ်နိုင်ငံ၌ ဆားစ်ရောဂါနှင့် ဆင်တူသည့် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇ ဦးကို ထပ်မံတွေ့ရှိရကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ကူးစက်ခံရသူများ အနက် သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည့် အတွက် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။
လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်
လေထုညစ်ညမ်းမှုက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ် ဘယ်လိုသက်ရောက်နေလဲဆိုတာကို ပြောပြပေးမယ်နော်။ လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိနေပါတယ်။ လေထုညစ်ညမ်းမှု ကင်းလေလေ အသက်ရှည်လေလေပါ။ လေ့လာမှုတွေအရ လေထုညစ်ညမ်းမှုကင်းစင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေက အသက်ပိုရှည်ကြပါတယ်။ နှစ်စဉ်ကမ္ဘာတစ်လွှားမှာ လေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းနီးပါး ကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးနေကြရပါတယ်။
B ပိုးကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်
အသည်းရောင်အသားဝါ   ဘီပိုးဆိုတာ လူတွေနဲ့ မစိမ်းတဲ့ ရောဂါပိုးတစ်ခုပါ။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ မီးလောင်ဒဏ်ရာများ၊ အဖုအကြိတ်များ အခမဲ့ ခွဲစိတ်ကုသပေးမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ မီးလောင်ဒဏ်များနှင့် အဖုအကျိတ် ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ပေးခြင်းကို ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မုံရွာမြို့ ခုတင်(၅၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးနှင့် ကြိုတင်စမ်းသပ် စစ်ဆေးမှုခံယူရန် ပညာပေးဆွေးနွေးပွဲ ကျင်းပ

အဝမလွန်အောင် ကာကွယ်ကြမယ်
အဝလွန်တယ်ဆိုတာကနေထိုင်မှုပုံစံ၊နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကြောင့် ခန္ဓါကိုယ်မှာ အဆီပိုတွေ စုလာတာပါ။ အဝလွန်လာတယ်ဆိုတာက အလှတင်ပျက်တာမဟုတ်ပါဘူး။ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါ။ အဝလွန်တာကြောင့် ရုပ်ပိုင်းဆိုင်ရာမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။
အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်နေသူများဖတ်ရန်
ဒီတော့ အလုပ်ခွင်မှာ ဖိအားနည်းပြီး ပေါ့ပါးလွတ်လပ်စွာနဲ့ ဖန်တီးနိုင်စွမ်းကောင်းတဲ့သူ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် စိတ်ညစ်စရာတွေကို သေချာကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုတော့ သိထားဖို့လိုမှာပေါ့နော်။ အလုပ်ခွင်ဖိအားတွေက နေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ် ထိခိုက်စေတဲ့အပြင် နောက်ထပ်ထိခိုက်စေနိုင်တာတစ်ခုက လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးပါ။ ဒီတော့ကောင်းကျိုးမဖြစ်တဲ့ စိတ်ညစ်စရာတွေကို ဖြေရှင်းကြရအောင်နော်။