မေမေတို့အတွက် အစားအသောက် Label ဖတ်နည်း
ကိုယ့်ရဲ့တန်ဖိုးအထားရဆုံး ရင်သွေးရတနာတွေ အတွက် အစားအသောက်ရွေးချယ်ရာမှာ မေမေတို့ သတိထားသင့်တဲ့ အချက်တစ်ခုကို အခုပဲ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ကလေးအတွက် အစားအသောက်တွေမဝယ်ခင် သူ့ရဲ့ပါကင်ဘူး သို့မဟုတ် အထုပ်မှာပါတဲ့ Label (ပါဝင်မှုအညွှန်း) ကို အရင်ဖတ်ဖို့ပါပဲ။








