လုံးဝကို လျစ်လျူရှုထားဖို့ မသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ
နှလုံးရောဂါဆိုတာ သင့်ကို အသိမပေးဘဲ ဘွားကနဲ ပေါ်လာတတ်မျိုး မဟုတ်ပါဘူး။ နှလုံးမှာ တစ်ခုခုဖြစ်နေပြီ ဆိုတဲ့အကြောင်း သင့်ကို သတင်းပို့ပို့ပေးပါတယ်။ ခက်တာက နှလုံးကပေးပို့တဲ့ လက္ခဏာတွေကို လူတွေက သတိမမူ ပေါ့ပေါ့ဆဆနေတတ်တာပါပဲ။ နှလုံးရောဂါ လက္ခဏာ ဆိုတာကလည်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ကိုဖိပြီး လဲကျသွားသလိုမျိုး မရိုးရှင်းလှတဲ့အတွက် သူပေးပို့တဲ့ လက္ခဏာတွေကို Hello ဆရာဝန် ပရိတ်သတ်ကြီးဘက်က သေချာဖမ်းယူမိဖို့တော့ လိုပါလိမ့်မယ်။ ဒါဆို ဘယ်လို လက္ခဏာတွေရှိကြောင်း နှလုံးက ပြနေရင် မပေါ့ဆသင့်ဘူးလဲ








