မုတ်သုံရာသီနှင့် အရေပြားပြဿနာ
မိုးလေးအေးလို့ နွေပူပူမှာလို အသားမမဲတော့ဘူး၊ အဆီမပြန်တော့ဘူး။ ဝက်ခြံတွေတော့ သက်သာသွားတော့မှာပဲလို့ တွေးပျော်နေသူလေးတွေရှိနေလား။ အပျော်ကြီးမပျော်လိုက်ပါနဲ့ဦးနော်။ မုတ်သုံက နွေလောက်မပူတာ မှန်ပေမယ့် အရေပြားပြဿနာတွေကင်းသွားဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ မုတ်သုံမှာ ဝက်ခြံတွေပိုဆိုးမလာအောင် ဒီလိုလေးနေထိုင်ကြရအောင်လား…..






