ဟွန်ဒူးရပ်စ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၃၄ဦးအထိရှိ
ဟွန်ဒူးရပ်စ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၄ဦး ရှိပြီဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးအကဲ ဂူစတာဗို အန်ဘန်နာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။







