ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက်ကောင်းတယ်ဆိုပြီး လူသိများတဲ့ အဖိုးတန် သဘာဝ အပင်လေးတစ်မျိုး ဖြစ်ပါတယ်။ အသားအရေကို အေးမြကောင်းမွန်စေပြီး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ရှားစောင်းလက်ပပ်ကို အလှကုန်ပစ္စည်းတွေမှာ အများအပြားထည့်သွင်း ထုတ်လုပ်ကြတဲ့အပြင် တချို့ကလည်း အိမ်မှာ ကိုယ်တိုင်စိုက်ပျိုးထားပြီး အသုံးပြုကြ