ထားဝယ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ထားဝယ် ၁၈ ဇန်နဝါရီ

တိုင်း/ခရိုင်/မြို့နယ်များမှ အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက  အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဦးစီး၍ အခမ်းအနားမှူး သင်တန်းကို ယနေ့နံနက် ၉ နာရီ က Community Centre ခန်းမ၌ ဖွင့်လှစ်ရာ ဌာနဆိုင်ရာ ဝန်ထမ်းသင်တန်းသား/ သင်တန်းသူ (၈၈) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးထွန်းက အခမ်းအနားမှူးအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ထားဝယ်ခရိုင် ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းသား/ သူများအား အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်း၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့် နည်းလမ်းများအကြောင်း စသည့်တို့ကို  လက်တွေ့နည်းလမ်းများဖြင့် သင်ကြားပြသပေးခဲ့ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)