ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီဝင်များနှင့် လုပ်ငန်းဆွေးနွေး ညှိနှိုင်း 

ထားဝယ် ၁၆ ဇန်နဝါရီ 


တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဝင်များနှင့် လုပ်ငန်းဆွေးနွေးညှိနှိုင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ဟိုတယ်ထားဝယ်၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဝန်ကြီး ဦးမြင့်မောင်က ယနေ့ဆွေးနွေးပွဲသည်"တနင်္သာရီတိုင်းဒေကြီးအတွင်းတိုင်းအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီများ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အထောက်အကူပြုစေမည့် အကြောင်းအရာများကို သက်ဆိုင်ရာဌာနနှင့် ကျွမ်းကျင်ပညာရှင်များက လာရောက်မိတ်ဆက်ရှင်းလင်း ပြောကြားပေးသည့် အစီအစဉ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး ဒီလိုပေါကြွယ်ဝသည့် သဘာဝသယံဇာတများအပေါ်မှာ မှီတင်းနေထိုင်ရှင်သန်နေကြသည့် ဇီဝမျိုးစုံမျိုးကွဲများ ပေါများတယ်ဆိုတာကိုလည်း အားလုံးသိရှိကြပြီဖြစ်ကြောင်း၊ တနင်္သာရီတိုင်းအတွက် ကမ်းရိုးတန်းသယံဇာတများ ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မှတ်ယူပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျရာတာဝန်ကို ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်"လိုအပ်ကြောင်း ပြောကြားသည်။

 

mdn


ထိုနောက် WCS အဖွဲ့မှ စီမံချက်ဒါရိုက်တာ ဦးကျော်သင်းလတ် က "ဘက်ပေါင်းစုံ ပေါင်းစပ်ပါဝင်သော ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်မှုအစီအစဉ် (Integrated Coastal Management-ICM)၊ အဏ္ဏဝါဒေသ အပိုင်းအခြားအလိုက် နေရာသတ်မှတ်ခြင်း အစီအစဉ် (Marine Spatial Planning-MSP)၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှု အစီအစဉ် (Thriving Fishery and Co-management) များ"နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများနှင့်  ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်၊၊

 


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊  WCS အဖွဲ့မှ စီမံချက်ဒါရိုက်တာ ဦးကျော်သင်းလတ် နှင့် အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ သတင်းရရှိသည်။


(MDN)

 

ာိည