ထီးချိုင့်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ရက်ကန်းသင်တန်းဖွင့်ပွဲကျင်းပ

ထီးချိုင့်  ၂  ဇန်နဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ရက်ကန်း)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါဦးစီးဌာန၏ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

mdn

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဘဝင်း တို့ကအသီးသီး အမှာစကား ပြောကြားကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးဝဏ္ဏထွန်းက သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ 

mdn

အဆိုပါသင်တန်းသို့ သင်တန်းသူ  ၇ ဦးတက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ (၂)လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

mdn