ထန်တလန်မြို့၌ ချင်းရိုးရာ ကောက်သစ်ပွဲ စည်ကားစွာကျင်းပ

ထန်တလန် ၂၅  အောက်တိုဘာ

 

ချင်းရိုးရာ ကောက်သစ်ပွဲ (Tho) ကို အောက်တိုဘာလ ၂၄ ရက်က ချင်းပြည်နယ် ထန်တလန်မြို့ လာလ်လွဲ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ချင်းရိုးရာ ကောက်သစ်ပွဲတွင် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်း က ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

 

အခမ်းအနားတွင် ထန်တလန် လှပျိုဖြူလေးများက ချင်းရိုးရာ ဝတ်စားဆင်ယင်မှုများကို ပြသခြင်း၊ ချင်းရိုးရာ အသုံးအဆောင် ပစ္စည်းများပြသခြင်း၊ ခြံထွက်သီးနှံများ ပြသခြင်းနှင့် အားကစားပြိုင်ပွဲများဖြစ်သည့် ဝါးပင်တက်၊ ခေါင်းအုံးရိုက်၊ ဘောလီဘောပြိုင်ပွဲ(မ)နှင့် ချင်းနပန်းသတ်ပွဲများကို ထည့်သွင်းကျင်းပခဲ့သည်။

 

ညနေပိုင်းတွင် ပွဲစဉ်အနေဖြင့် 2018 Miss Thantlang ရွေးပွဲကျင်းပကာ ထန်တလန် လှပျိုဖြူ ၁၈ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)